Arakanland News

Home Arakan News Photos  Videos  Files Favorite Links Contact Burmese-racist

Arakan Army 's Former 2nd Commander In-Charge Passed Away

December 15, 2011

ARAKANLAND
Bangladesh-Arakan Border- General Moung Thein Tan, 61, former 2nd Commander in charge of Arakan Army (AA), passed away in Bangladesh-Arakan border on December 15, 2011. He gave his life as a sacrifice for his National Independence Movement. He was a trustworthy Commander as well as valuable soldier of Arakan Army. During he undertook as Commander, he led a miseable life with his comrades in the jungle. He was one of the trailblazer of Arakan Army and strongly obeyed the discipline. He was also a former comrade of Arakan Independence Organization (AIO) both led by late U San Kyaw Tun M.A (General Secretary) and late U Tun Shwe Moung (President). He was invloving one of the Arakan Independence Army's comrades who marched as long march from Khachin to Arakn in 1971. And he was the best Camp Commander and closed to undertake under the command of late President U Kyaw Hlaing, who served as a successive leader of AIO and co- founder of National United Front of Arakan (N.U.F.A.) His funeral will be held on December 17. 2011. He lift his wife Daw Aye Aye Khaing ( former nurse of Arakan Army), Two dauthers and One son.  

ရခိုင်ပြည်တပ်မတော်(AA) ဒုစစ်ဦးစီးချုပ်ဟောင်း ကွယ်လွန်

ရခိုင်ပြည်-ဘင်္ဂလာ-အိန္ဒိယ သုံးနိုင်ငံနယ်စပ်ဒေသ အခြေစိုက် ရခိုင်ပြည်တပ်မတော် (Arakan Army – AA) ဒုစစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်  မောင်သိန်းတန် (ခ) မောင်သိန်းရွှေ သည် ယနေ့ နေ့လည်တွင် ရခိုင်ပြည်နှင့် ကပ်လျှက်တည်ရှိသည့် ဘင်္ဂလာ နယ်စပ် တနေရာတွင် ကွယ်လွန် သွားကြောင်း သိရှိရသည်။

ဗိုလ်ချုပ် မောင်သိန်းတန်(၆၁)နှစ် ယခုကဲ့သို့ မကွယ်လွန်မီအထိ ရခိုင်ပြည်လွတ်လပ်ရေး၊ ကိုယ်ပိုင်ဆုံးဖြတ် ပြဋ္ဌာန်းပိုင်ခွင့် အပြည့် အ၀ရရှိရေး၊ ဒီမိုကရေစီရေးနှင့် အခြေခံလူ့အခွင့်အရေးများ ရရှိရေးတို့အတွက် ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ(NUPA)နှင့် ရခိုင်ပြည်တပ်မတော်(AA)တို့၌ အမျိုးသားရေးဘက်မှ မားမား မတ်မတ် ရပ်တည်ခဲ့ပြီး ရန်သူစစ်အုပ်စုအား တိုက်ပွဲဝင်ရင်း ကွယ်လွန်သွားခဲ့သည့် မျိုးချစ်သူရဲကောင်း ဖြစ်သည်။

ဗိုလ်ချုပ်၏ မိသားစုဝင်များနှင့်အတူ တော်လှန်ရေး ရဲဘော်ရဲဘက်များက ဗိုလ်ချုပ် မောင်သိန်းတန် အား တော်လှန်ရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဒီဇင်္ဘာလ (၁၇)ရက်နေ့တွင် မြေမြုပ်သဂြိုလ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဗိုလ်ချုပ်တွင် ဇနီးနှင့်အတူ သမီးနှစ်ယောက်နှင့် သားတယောက် ကျန်ရစ်ခဲ့ပြီး မကွယ်လွန်မီ နိုင်ငံရေး၊ တော်လှန်ရေး ဒဏ်ကို ကြံ့ကြံ့ခံလျှက် ကိုယ်ကျိုးမဖက် ရပ်တည်နေထိုင်ခဲ့သူ ဖြစ်သည်။

ဗိုလ်ချုပ် မောင်သိန်းတန်မှာ ပါတီနှင့်တပ်မတော်တွင် မငြိုးမငင် ကျရာနေရာတာဝန်များကိုတသွေမတိမ်းထမ်းဆောင်ခဲ့သူဖြစ်သည်။

ဗိုလ်ချုပ်သည် ၁၉၇၁ ခုနှစ်တွင် KIO နယ်မြေမှ ရခိုင်ပြည်လွတ်လပ် ရေးအဖွဲ့ချုပ် (AIO)တပ်ဖြင့် ကုန်းလမ်းခရီးရှည်ကို ပထမဆုံး ဖြတ်ကျော်ပြီး ရခိုင်ပြည်သို့ အရောက်လာခဲ့သည့် သူရဲကောင်း တဦးဖြစ်သည်။

Posted at: 11:09 PM | Add Comment RSS | Digg! | del.icio.usdel.icio.us

့U Hthu Rine Htun ( Kyauk Phru ) said...

ကျန်ခရေ မိသားစုနဲ့ ထပ်တူထပ်မျှ ၀မ်းနည်းရရေပိုင် ၊ ဂုဏ်လည်းယူမိပါရေ .......

Posted December 17, 2011 09:00 AM | Reply to this comment

Add Comment

Your Name: (Required)
Comment:

Please enter the 4 to 6 character security code:

(This is to prevent automated comments.)